Official Single Chart UK Top 10

Monday, January 6, 2014

အမေရိကန် R&B အဆိုတော် Jason Derulo နဲ့ 2 Chainz တို့သီဆိုထားတဲ့ Talk Dirty သီချင်းဟာ UK နိုင်ငံရဲ့ Official Singles Chart နံပါတ် (၁)နေရာကို ရောက်ရှိလာပါတယ်။ Kety Perry ရဲ့ နာမည်ကြီး Music Chart တွေရဲ့ ထိပ်ဆုံးမှာ နေရာယူထားတဲ့ Roar သီချင်းကို Jason Derulo ရဲ့ Talk Dirty က ဗြိတိန်မှာ စတင်ပြီး ဖြုတ်ချလိုက်ပါပြီ။ ဒီအခွေက Jason Derulo အတွက် ဗြိတိန်နိုင်ငံ မှာ ရောင်းအားအကောင်းဆုံးစာရင်းဝင်ခဲ့တဲ့ ပထမဆုံးအခွေဖြစ်ပြီး ဗြိတိန်တစ်နိုင်ငံလုံးအတွက်တော့ (၂၀၁၃)ခုနှစ်အတွက် စတုတ္ထမြောက် ရောင်းအားအကောင်းဆုံးအခွေ ဖြစ်နေပါ တယ်။

နံပါတ် (၂)နေရာမှာ Katy Perry ရဲ့ Roar သီချင်းရှိနေပြီး ဒီသီချင်းဟာ Katy Parry အတွက်Firework ၊ The One That Got Away ၊ Part of Me စတဲ့ သီချင်းတွေလိုပဲ စံချိန်တင်မဲ့ရှစ်ပုဒ်မြောက် သီချင်းဖြစ်ပါတယ်။ တတိယမြောက်အယ်လ်ဘမ် “Prism” ထဲက Roar သီချင်းဟာထွက်ရှိပြီး မကြာခင်မှာပဲ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့ ပါတယ်။

နံပါတ် (၃)နေရာကိုတော့ One republic ရဲ့ Counting stars က ဆက်လက်သိမ်းပိုက်ထားပါတယ်။ One Republic အဖွဲ့ရဲ့ ပင်တိုင်အဆိုရှင် Ryan Tedder ကိုယ်တိုင်ရေးသားထားတဲ့ Counting Stars သီချင်းဟာ ဒီအမေရိကန် Pop-Rock Band ကို တစ်ကျော့ ပြန် အောင်မြင်မှုတွေဆီသို့ ခေါ်ဆောင်နေပါတယ်။ အမေရိကန်နိုင်ငံမှာသာမက ဂျာမဏီ၊ သြစတေးလျ၊ နယူးဇီလန်၊ အင်္ဂလန်စ တဲ့ နိုင်ငံများရဲ့ လူကြိုက်များတဲ့ သီချင်းတစ်ပုဒ် ဖြစ်လျက်ရှိပါတယ်။ BillBoard Hot 100 မှာသာမကပဲ Official Single Chart UK Top 10 ရဲ့ နံပါတ် (၃)နေရာမှာ ကြာရှည်ရပ်တည်နေတာက ထင်ရှားတဲ့သာဓက ဖြစ်ပါတယ်။

ဒီလအတွက် Chart ရဲ့ နံပါတ် (၂)နေရာမှာရှိနေတဲ့ Katy Perry ရဲ့ Roar သီချင်းနဲ့ နံပါတ် (၈)နေရာက Avicii ရဲ့ Wake Me Up သီချင်းကို ရွေးချယ်ပေးလိုက်ပါတယ်။

 

Roar

ကျားတစ်ကောင်ရဲ့ ဟိန်းသံလို့ အမည်ရတဲ့ ဒီသီချင်းမှာ Katy Perry ရဲ့ ကျားတစ်ကောင်အလား မာန်ပါလှတဲ့အသံကို နား ဆင်သူတိုင်း သတိပြုမိကြမှာပါ။ ထူးခြားတဲ့အသံ၊ မြူးကြွဆန်းသစ်တဲ့ ဂီတ သံစဉ်၊ တမူထူးခြားတဲ့ သီချင်းစာသား အတွဲအစပ်တွေနဲ့ မီးလျှံတွေကြားမှာ ကခုန်နေတဲ့ ကျားတစ်ကောင်ရဲ့ မျက်လုံးနဲ့သူရဲ့ ဟိန်းဟောက်သံကိုပါ နားဆင်မြင်ယောင်လာစေနိုင်မဲ့ သီချင်းတစ် ပုဒ် ဖြစ်ပါတယ်။

Wake Me Up

ဂျာမာန် DJ Avicii ရဲ့ (၂၀၁၃)ခုနှစ်အတွက် အောင်မြင်မှုအကြီးအကျယ်ရရှိနေတဲ့ Wake Me Up သီချင်းမှာ Dance Music ရဲ့ စည်းချက်ကျကျနဲ့ မြူးကြွတဲ့ Beat ကို နားဆင်နိုင်ပါတယ်။ သီချင်း ဖန်တီးရှင်က DJ တစ်ယောက်ဖြစ်တာကြောင့် ဂီတပိုင်းကို ပိုဦးစားပေးထားတဲ့ ဒီသီချင်းကို နားဆင်ရင်း သင့်ရဲ့ကိုယ်ပိုင်အကကြမ်းပြင်ကို ကိုယ်တိုင်ဖန်ဆင်းကြည့်နိုင်ပါတယ်။

အထက်ပါသီချင်းများကို www.officialcharts.com/music-charts/ နဲ့ www.youtube.com/ တို့မှာ ၀င်ရောက်ကြည့်ရှု နား ဆင်နိုင်ပါတယ်။

No

Title

Artis

Weeks on Chart

1.

Talk Dirty

Jeson Derulo Ft. Chainz

2

2.

Roar

Katy Perry

4

3.

Counting Stars

One Republic

9

4.

Hold On We’re Going Home

Drake Ft. Majid Jordan

8

5.

You Make Me

Avicii

2

6.

Same Love

Macklemore/Lewis/Lambert

15

7.

What I Might Do

Ben Pearce

6

8.

Wake Me Up

Avicii

11

9.

It’s My Party

Jessie J

2

10.

Burn

Ellele Gouldin

7

 

Sunday, December 22, 2013
Sunday, December 22, 2013
Sunday, December 22, 2013