• သူမရဲ့ချစ်သူ

    ကျွန်မသည် သူ၏လိုအပ်ချက်များကို တိတ်တဆိတ်ဖြည့်ပေးချင်ခဲ့သလို တစ်ခါတစ်ခါတော့ အများသိ အောင် သဲသဲလှုပ်ဂရုစိုက်ပြချင်ခဲ့မိသည်။ သူ့မျက်နှာကိုလိုက်ဖတ်ရင်း ၀မ်းနည်းဝမ်းသာ ထပ်တူခံစားပေးနေမိတဲ့ လက်ရှိနေ့ရက်တွေကို လည်း သူသိသိ မသိသိ ကျေနပ်နိုင်ခဲ့သည်။ ဘာမှမမျှော်လင့်ခဲ့ပေမဲ့ ပြောင်းလဲလာသောအမူအယာ အစိမ်းရင့်လာတဲ့ အကြည့်၊ ရက် စက်လာတဲ့ လေယူလေသိမ်းကို ခံနိုင်ရည်မရှိခဲ့။ အရာရာကို ဟာသလုပ်ပစ်တတ်သော ကျွန်မ၏ နေ့ရက်တွေ တစ်စတစ်စမှောင်မိုက်လာ သောအခါ ကျွန်မကိုယ့်ကိုယ်ကို မုန်းတတ်လာခဲ့သည်။ ကိုယ့်ကိုယ်ကိုလည်း သနားမိသည်။ နောက်ပြီး သူမကို အလွန်အားကျမိလာ သည်။ သူမဆိုသည် မှာ “ဆောင်း”ဟုခေါ်ပြီး နာမည်အပြည့်အစုံ ဟုတ်၊ မဟုတ်တော့

  • Pages